Wikipedia/my

မှတ်ချက်။ အမည်ညွှန်း "Wikipedia" သည် အခြားများစွာသော ဆင်တူအမည်များနှင့် မကြာခဏရှုပ်ထွေးတတ်သည်။ ဤရှင်းလင်းချက်အတွက် ကျေးဇူးပြု၍ အနက်ဖွင့်ဆိုမှုကိုကြည့်ပါ။
အင်္ဂလိပ် ဝီကီပီးဒီးယား လိုဂို
မြန်မာဘာသာ ဝီကီပီးဒီးယား လိုဂို။

ဤလုပ်ငန်းကို ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၀၁ ခုနစ်တွင် အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယား ဖြင့် စတင်ခဲ့သည်။ မတ်လ ၁၆ ရက်၊ ၂၀၀၁ ခုနစ်တွင်တော့ ဂျာမန် ဝီကီပီးဒီးယား ပါဝင်လာပြီးနောက် မကြာခင်မှာပင် အခြားဘာသာစကားများလည်း ပါဝင်လာခဲ့သည်။ ဤလုပ်ငန်း၏ နိုင်ငံတကာ ပါဝင်ပတ်သတ်မှု သဘောသဘာဝကို ထင်ရှားမြင်သာအောင် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၀၂၆ အရ ဆောင်းပါး ၁၀၀ အထက် ဝီကီပီးဒီးယားပေါင်း 344 ခု၊ ဆောင်းပါး ၁၀,၀၀၀ အထက် ဝီကီပီးဒီးယားပေါင်း 183 ခုနှင့် ဆောင်းပါးပေါင်း ၁၀၀,၀၀၀ အထက် ဝီကီပီးဒီးယားပေါင်း 77 ခု ရှိသည်။

ဇွန် ၂၀၂၆ အရ၊ ဝီကီပီးဒီးယား ဘာသာစကားပေါင်း 362 ခုရှိပြီး အားလုံးပေါင်း ဆောင်းပါးအရေအတွက် စုစုပေါင်း 67,755,694 ရှိသည်။

အသေးစိတ် အချက်အလက်များအတွက် ဝီကီပီးဒီးယားများ စာရင်းတွင် ကြည့်ပါ။

မှတ်တိုင်များ

၂၀၀၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဝီကီပီးဒီးယားတွင် ဘာသာစကားပေါင်း ၁၀၀ ကျော်ဖြင့် ဆောင်းပါးပေါင်း ၁,၀၀၀,၀၀၀ အထိ ရရှိလာခဲ့သည်။

အင်္ဂလိပ် ဝီကီပီးဒီးယားသည် ၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဆောင်းပါးပေါင်း ၁,၀၀၀,၀၀၀၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆောင်းပါးပေါင်း ၂,၀၀၀,၀၀၀၊ ၂၀၀၉ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် ဆောင်းပါးပေါင်း ၃,၀၀၀,၀၀၀၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဆောင်းပါးပေါင်း ၄,၀၀၀,၀၀၀၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆောင်းပါးပေါင်း ၅,၀၀၀,၀၀၀၊ နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆောင်းပါးပေါင်း ၆,၀၀၀,၀၀၀ အထိ အသီးသီး ရှိလာခဲ့သည်။

အင်္ဂလိပ် ဝီကီပီးဒီးယားပြီးနောက် ဂျာမန် (၂၇ ဒီဇင်ဘာ ၂၀၀၉)၊ ပြင်သစ် (၂၁ စက်တင်ဘာ ၂၀၁၀)၊ ဒတ်ချ် (၁၇ ဒီဇင်ဘာ ၂၀၁၁)၊ အီတလီ (၂၂ ဇန်နဝါရီ ၂၀၁၃)၊ ရုရှား (၁၁ မေ ၂၀၁၃)၊ စပိန် (၁၆ မေ ၂၀၁၃)၊ ဆွီဒင် (၁၅ ဇွန် ၂၀၁၄)၊ စီဘူနို (၁၆ ဇူလိုင် ၂၀၁၄)[1] ၊ ဂျပန် (၁၉ ဇန်နဝါရီ ၂၀၁၆)၊ တရုတ် ( ၁၃ ဧပြီ ၂၀၁၈)၊ ပေါ်တူဂီ (၂၆ ဇွန် ၂၀၁၈)၊ အာရဗီ (၁၇ နိုဝင်ဘာ ၂၀၁၉)၊ ယူကရိန်း (၂၂ မတ် ၂၀၂၀) နှင့် အီဂျစ်အာရေဗျ ဝီကီပီးဒီးယားများ (၂၈ ဇူလိုင် ၂၀၂၀) တို့သည်လည်း ဆောင်းပါးပေါင်း ၁,၀၀၀,၀၀၀ အထိ အသီးသီးရှိလာခဲ့သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဆွီဒင်ဝီကီပီးဒီးယားနှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စီဘူနို ဝီကီပီးဒီးယား၊[1] ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဂျာမန်ဝီကီပီးဒီးယား၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ပြင်သစ်ဝီကီပီးဒီးယားနှင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ဒတ်ချ်ဝီကီပီးဒီးယားတို့သည် ဆောင်းပါးပေါင်း ၂,၀၀၀,၀၀၀ အသီးသီး ရှိလာခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဆွီဒင်ဝီကီပီးဒီးယားနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် စီဘူနိုဝီကီပီးဒီးယားတို့သည် ဆောင်းပါးပေါင်း ၃,၀၀၀,၀၀၀ အသီးသီး ရှိလာခဲ့သည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စီဘူနိုဝီကီးပီးဒီးယားသည် ဆောင်းပါးပေါင်း ၄,၀၀၀,၀၀၀ ရှိလာခဲ့သည်။[1]

၂၀၁၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် စီဘူနိုဝီကီပီးဒီးယားသည် ဆောင်းပါးပေါင်း ၅,၀၀၀,၀၀၀ ရှိလာခဲ့သည်။[1]

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စီဘူနိုဝီကီပီးဒီးယားသည် ဆောင်းပါးပေါင်း ၆,၀၀၀,၀၀၀ ရှိလာခဲ့သည်။[1]

၂၀၀၄ ခုနှစ်တွင် ဝီကီပီးဒီးယားသည် "Community" အတွက် Webby ဆု နှင့် "Digital Community" အတွက် Prix Ars Electronica ဆု ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် Erasmus ဆုကို ဝီကီပီးဒီးယား အဖွဲ့အစည်း တစ်ခုလုံးအနေဖြင့် ရရှိခဲ့သည်။

ဘာသာစကားများ

ဝီကီပီးဒီးယား အကြောင်း စာစုများ

နောက်ထပ်ကြည့်ရှုရန်

မှတ်စုများ

  1. 1 2 3 4 5 တချို့သော လူနည်းစု ဘာသာစကားများ အတွက် စာတမ်းများ အဆမတန်ကြီးထွားလာမှုသည် အကျိုးမရှိသော အကြောင်းအရာများကို ပေါပေါများများ ရေးထုတ်ပေးနိုင်သော အလိုလျောက် လုပ်ဆောင်နိုင်သော စက်ရုပ်များ အသုံးပြုထားခြင်းကြောင့် ဖြစ်သည်။ ဤအချက်ကို သိသာထင်ရှားသော ဥပမာများမှာ ဆွီဒင်နှင့် စီဘူနို ဝီကီပီးဒီးယားများ ဖြစ်သည်။ ၂၀၁၇ အောက်တိုဘာလရှိ စီဘူနို ဝီကီပီးဒီးယား ပိတ်သိမ်းရန် အဆိုပြုခြင်း ကိုလည်း ကြည့်ပါ။
Category:Wikipedia/my Category:Wikimedia projects/my
Category:Wikimedia projects/my Category:Wikipedia/my